MSME Logo

Micro, Small and Medium Enterprises Association

အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း

အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း

Micro, Small and Medium Enterprises Association
09-400880011,09-400880022
info@msme.org.mm

News & Updates

Home / News & Updates
MSME Official News
Press Release
10 December 2019

နေပြည်တော် စည်ပင်ဘဏ်လီမိတတ်နှင့် MSME Association တို့ပူပေါင်း၍ JICA TLS SMEs၊ NSB SMEs Loan နှင့် NSB MEB SMEs Loan အကြောင်း မိတ်ဆက်ခြင်း၊ရှင်းလင်းတင်ပြခြင်း နှင့် ဆွေးနွေးခြင်း

နေပြည်တော် စည်ပင်ဘဏ်လီမိတတ်နှင့် MSME Association တို့ပူပေါင်း၍ JICA TLS SMEs၊ NSB SMEs Loan နှင့် NSB MEB SMEs Loan အကြောင်း မိတ်ဆက်ခြင်း၊ရှင်းလင်းတင်ပြခြင်း နှင့် ဆွေးနွေးခြင်း

နေပြည်တော် စည်ပင်ဘဏ်လီမိတတ်နှင့် MSME Association တို့ပူပေါင်း၍ JICA TLS SMEs၊ NSB SMEs Loan နှင့် NSB MEB SMEs Loan အကြောင်း မိတ်ဆက်ခြင်း၊ရှင်းလင်းတင်ပြခြင်း နှင့် ဆွေးနွေးခြင်:

၂၅-၁၀-၂၀၁၉ ရက်နေ့ နေ့လည် (၂) နာရီ အချိန် ဧရာဝတီလမ်း Mandalay Paradise တွင် MSME Association ဗဟိုအလုပ်အမှုဆောင်ဥက္ကဌ ဦးနေလင်းထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ နေပြည်တော်စည်ပင် ဘဏ်လီမိတတ် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးလှစိုးမှ JICA TLS SMEs၊ NSB SMEs Loan နှင့် NSB MEB SMEs Loan နှင့် ပတ်သတ်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ စက်မှု့ဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးဟိန်းဇော်မှ SME နှင့်ပတ်သတ်သည်များကို ရှင်းလင်းပြောကြားခြင်း၊ နေပြည်တော် စည်ပင်ဘဏ်လီမိတတ် အထွေထွေမန်နေဂျာ ဦးလှမင်းဦးမှ SMEs ချေးငွေ နှင့်ပတ်သတ်၍ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းပြောကြားခြင်း၊ နေပြည်တော် အာမခံလုပ်ငန်း တိုင်းတာဝန်ခံ ဒေါ်နီနီအေးမှ Credit Guarantee Insureance (CGI) နှင့်ပတ်သတ်သည့် အကြောင်းအရာများ ဆွေးနွေးခြင်း နှင့် တတ်ရောက်လာသော MSME လုပ်ငန်းရှင်များမှ သိရှိလိုသော အကြောင်းအရာများကို မေးမြန်းခြင်းနှင့် အထွေထွေ ဆွေးနွေးခြင်းတို့ကို အောင်မြင်စွာ ပြုလုပ်ကျင်းပါခဲ့ပါသည်။

MSME Association
ပြန်ကြားရေးကော်မတီ

Share: